ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၇၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၅၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၈.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ် အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ် ဈေးတက်၍ ဆန်ကွဲB(1,2) တစ်အိတ် ၂၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၅၀၀၀ကျပ် ဈေး များ ကျဆင်းကာ ဧည့်မထဆန်(မနေသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက် ရှိပါသည်။ ဧည့်မထဆန်(မနေသုခ)ဟောင်း ဈေးမြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအား များခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဆန်ကွဲဈေးများကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရ ပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့